Posts

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၈ မိနစ် ) ဥတ္တရအလင်းတန်းများဖြစ်ပေါ်လာပုံနှင့် အကြောင်းအရင်းများ

Image
Aurora light သည် ညကောင်းကင်ယံ၌တွေ့ရသော လှပသောအလင်းတန်းများဖြစ်ပြီး မှော်ပညာဟုထင်မှတ်ရလောက်အောင် သဘာဝကပေးစွမ်းထားသော အလွန်လှပသောအလင်းတန်းများဖြစ်ပါသည်။ မြန်မာလို ဥတ္တရအလင်းတန်းဟုခေါ်ပြီး ကမ္ဘာ့မြောင်ဝင်ရိုးစွန်းနှင့်တောင်ဝင်ရိုးစွန်းတွင်သာဖြစ်ပေါ်ပါသည်။ မြောက်ပိုင်းတွင်ဖြစ်ပေါ်သော ဥတ္တရအလင်းတန်းကို Northern lightဟုခေါ်ပြီး တောင်ပိုင်းတွင်ဖြစ်ပေါ်သောအလင်းတန်းကို Southern light ဟုခေါ်ပါသည်။ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းမှာ နေမှလာသောလျှပ်စစ်ဆောင်အမှုန်များနှင့် မော်လီကျူးများ ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာရပါသည်။ Solar Wind ဖြစ်စဉ်မှ နေမှထုတ်လွှတ်လိုက်သော အီလတ်ထရွန်နှင့်ပရိုတွန်အမှုန်များသည် အာကာသထဲသို့‌လွှင့်စင်လာရာ ကမ္ဘာသို့ရောက်ရှိလာပြီးကမ္ဘာလေထုနှင့်ထိတွေ့ရပါသည်။ သို့သော် ကျွန်ပ်တို့၏ကမ္ဘာသည်အလွန်အားပြင်းသောသံလိုစက်ကွင်းများရှိသောကြောင့် တိုက်ရိုက်မကျရောက်ဘဲ အားအပျော့ဆုံးနေရာများဖြစ်သော ဝင်ရိုးစွန်းဒေသများတွင်သာကျရောက်ပါသည်။(Videoတွင်ကျရောက်သောဖြစ်စဉ်ပုံစံကိုတွေ့နိုင်ပါသည်)  ဝင်ရိုးစွန်းဒေသသို့ရောက်သောအခါ ကမ္ဘာ့လေထုရှိအမှုန်များနှင့် နေမှရောက်ရှိလာသော လျှပ်စစ်ဆောင်အမှုန်များဓာ