၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၈ မိနစ် ) ဥတ္တရအလင်းတန်းများဖြစ်ပေါ်လာပုံနှင့် အကြောင်းအရင်းများ


Aurora light သည် ညကောင်းကင်ယံ၌တွေ့ရသော လှပသောအလင်းတန်းများဖြစ်ပြီး မှော်ပညာဟုထင်မှတ်ရလောက်အောင် သဘာဝကပေးစွမ်းထားသော အလွန်လှပသောအလင်းတန်းများဖြစ်ပါသည်။ မြန်မာလို ဥတ္တရအလင်းတန်းဟုခေါ်ပြီး ကမ္ဘာ့မြောင်ဝင်ရိုးစွန်းနှင့်တောင်ဝင်ရိုးစွန်းတွင်သာဖြစ်ပေါ်ပါသည်။ မြောက်ပိုင်းတွင်ဖြစ်ပေါ်သော ဥတ္တရအလင်းတန်းကို Northern lightဟုခေါ်ပြီး တောင်ပိုင်းတွင်ဖြစ်ပေါ်သောအလင်းတန်းကို Southern light ဟုခေါ်ပါသည်။ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းမှာ နေမှလာသောလျှပ်စစ်ဆောင်အမှုန်များနှင့် မော်လီကျူးများ ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာရပါသည်။

Solar Wind ဖြစ်စဉ်မှ နေမှထုတ်လွှတ်လိုက်သော အီလတ်ထရွန်နှင့်ပရိုတွန်အမှုန်များသည် အာကာသထဲသို့‌လွှင့်စင်လာရာ ကမ္ဘာသို့ရောက်ရှိလာပြီးကမ္ဘာလေထုနှင့်ထိတွေ့ရပါသည်။ သို့သော် ကျွန်ပ်တို့၏ကမ္ဘာသည်အလွန်အားပြင်းသောသံလိုစက်ကွင်းများရှိသောကြောင့် တိုက်ရိုက်မကျရောက်ဘဲ အားအပျော့ဆုံးနေရာများဖြစ်သော ဝင်ရိုးစွန်းဒေသများတွင်သာကျရောက်ပါသည်။(Videoတွင်ကျရောက်သောဖြစ်စဉ်ပုံစံကိုတွေ့နိုင်ပါသည်) 

ဝင်ရိုးစွန်းဒေသသို့ရောက်သောအခါ ကမ္ဘာ့လေထုရှိအမှုန်များနှင့် နေမှရောက်ရှိလာသော လျှပ်စစ်ဆောင်အမှုန်များဓာတ်ပြုပြီး ဥတ္တရအလင်းတန်းများကိုဖြစ်ပေါ်စေပါသည်။ ဓာတ်ပြုသောလေထုထဲရှိအမှုန်များပေါ်မူတည် အလင်းတန်း၏အရောင်များအပြောင်ူအလဲရှိနိုင်ပါသည်။ အစိမ်းနုရောင်နှင့် ပန်းရောင်မှာအတွေ့များသောအရောင်များဖြစ်ပြီး ဝါ၊စိမ်း၊နီ၊ပြာနှင့်မရမ်းရောင်များပါ‌ တွေ့ရှိပါသည်။

ဥတ္တရအလင်းတန်းများကို ကြည့်ရှုခံစားရန် အကောင်းဆုံးနေရာများမှာ မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ(Yukon၊ Nunavut အစရှိသော ဒေသများ) နှင့် အလက်စကာပြည်နယ်(Alaska) အနောက်မြောက်ဘက်တို့ဖြစ်ကြသည်။ ထို့ပြင် ဥတ္တရအလင်းတန်းများကို ဂရင်းလန်ကျွန်း(Greenland) နှင့် အိုက်စလန်နိုင်ငံ(Iceland) တောင်ဘက်စွန်းဒေသများ၊ နော်ဝေးနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းနှင့် ဆိုက်ဘေးရီးယား(Siberia)၏ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့မြင်နိုင်ပေသည်။ ကမ္ဘာတောင်ဘက်ခြမ်းတွင် ဖြစ်ပေါ်လေ့ရှိသော Aurora အလင်းတန်းများသည် အန္တာတိကတိုက် နှင့် အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ ဖြစ်ပေါ်လေ့ရှိသောကြောင့် မြင်တွေ့ရရန်မလွယ်ကူပေ။

#မသေခင်မြင်ဖူးသွားသင့်သောအရာများထဲမှတစ်ခုပါ

#SingularityPOINT

Comments